ဇူလိုင် ၁ ရက်မှစ၍ ခွင့်ပြုချက်မရရှိသေးဘဲ သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်

နေပြည်တော် ဇွန် ၂၄

 

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့မှစတင်၍ သွင်းကုန် လိုင်စင်/ပါမစ် ခွင့်ပြုချက် မရရှိသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် မေ ၃၀ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ ၃/၂၀၂၄ ဖြင့် ထုတ်ပြန်ထားသော်လည်း လိုက်နာဆောင်ရွက်မှုမရှိဘဲ ခွင့်ပြုချက်မရရှိသေးသည့် ကုန်ပစ္စည်းများကို ကြိုတင် တင်သွင်းဆောင်ရွက်လျက်ရှိကြောင်း။

 

သို့ဖြစ်ပါ၍ ထုတ်ပြန်ထားသော ဥပဒေနှင့် စည်းကမ်းများကို အလေးအနက်ထား လိုက်နာစေရန်ရည်ရွယ်၍ သွင်းကုန် လိုင်စင်/ပါမစ် ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိဘဲ ကုန်ပစ္စည်းများ ဆိပ်ကမ်းနှင့် လေဆိပ်များသို့ တင်သွင်းရောက်ရှိမှု မရှိစေရေးအတွက် ထပ်မံနှိုးဆော်အသိပေး ကြေညာအပ်ပါကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

MDN