ကာဘူးက မင်္ဂလာဆောင်တစ်ခုမှာ အသေခံဗုံးခွဲတိုက်ခိုက်တဲ့အတွက် ၆၃ ဦးသေဆုံးပြီး ၁၈၂ ဦး ဒဏ်ရာရရှိ

၁၉ သြဂုတ်

 

အာဖဂနစ္စတန်နိုင်ငံ ကာဘူးမြို့ အနောက်ပိုင်းက မင်္ဂဆောင်တစ်ခုမှာ IS အဖွဲ့ဝင်တစ်ဦးက အသေခံဗုံးခွဲတိုက်ခိုက်တဲ့အတွက် မင်္ဂလာအခမ်းအနားကို တက်ရောက်လာသူ ၆၃ ဦးသေဆုံးပြီး ၁၈၂ ဦး ဒဏ်ရရှိခဲ့ကြောင်း တာဝန်ရှိသူတွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ 

 

စနေနေ့ ညနေပိုင်းက ကျင်းပနေတဲ့ မင်္ဂလာဧည့်ခံပွဲတိုက်ခိုက်ခံရတဲ့အတွက် သတို့သားရဲ့ညီတစ်ဦး၊ သူငယ်ချင်းတွေနဲ့ ဆွေမျိုးသားချင်းများ ဆုံးရှုံးကြောင်း၊ သတို့သမီးနဲ့ မိသားစုဝင်တွေက ကြောက်လန့်ပြီး စကားမပြောနိုင်သေးကြောင်း၊ သေဆုံးသူအများစုမှာ အမျိုးသမီးနဲ့ ကလေးတွေများကြောင်း သတို့သားက ပြောပါတယ်။ 

 

မင်္ဂလာဆောင်တဲ့သတို့သားနဲ့ သတို့သမီးတို့ဟာ ရှီယားမူစလင်များဖြစ်ပြီး IS အဖွဲ့က စွန်နီမူစလင်များဖြစ်ရာ ရှီယားအနွယ်ဝင်များဖြစ်တဲ့အတွက် အခုလိုတိုက်ခိုက်ရတာဖြစ်ကြောင်း IS အဖွဲ့က  ပြောပါတယ်။ 

 

အာဖဂန်ထုံးတမ်းစဉ်လာအရ မင်္ဂလာဆောင်တွေက လူထောင်ချီပြီ တက်ရောက်လေ့ရှိပြီး တေးဂီတတွေနဲ့ မြူးကြွတဲ့ ပွဲဖြစ်ပါတယ်။ တက်ရောက်လာသူ အမျိုးသား၊ အမျိုးသမီးတို့အား တစ်ခန်းစီ ခွဲခြားပြီးဧည့်ခံလေ့ရှိပါတယ်။ 

 

ဗုံးပေါက်ကွဲတဲ့အချိန်ဟာ တက်ရောက်လာသူတွေ ကခုန်နေတဲ့အချိန်ဖြစ်တယ်လို့ သိရပါတယ်။ 

 

MDN
ကိုးကား- AFP