ကာကွယ်ဆေးစမ်းသပ်မှုတွင်ပါဝင်သည့်သူတစ်ဦး ဖျားနာလာသည့်အတွက် Johnson & Johnson ဆေးကုမ္ပဏီ စမ်းသပ်မှု ရပ်နားထား

ဝါရှင်တန်   ၁၄  အောက်တိုဘာ

အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် Johnson & Johnson က ၎င်းတို့၏ ကာကွယ်ဆေးစမ်းသပ် ထုတ်လုပ်မှုကို ရပ်နားထားမည်ဟု အောက်တိုဘာ ၁၂ ရက်တွင် ကြေညာခဲ့သည်။

ကာကွယ်ဆေးစမ်းသပ်ရာတွင် ပါဝင်သူတစ်ဦးမှာ ဖျားနာလာသည့်အတွက် စမ်းသပ်မှု ရပ်နားထားရန် ကြေညာခဲ့ခြင်း ဖြစ်သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး စမ်းသပ်ရာတွင် ပါဝင်သည့် အခြားသူများကိုလည်း နောက်ထပ် ဆေးပေးခြင်းကို ယာယီရပ်နားထားကြောင်း၊ မမျှော်လင့်ဘဲ စမ်းသပ်ရာတွင် ပါဝင်သည့် လူတစ်ဦး ဖျားနာလာသည့်အတွက် ရပ်နားထား ခြင်းဖြစ်သည်ဟု ကုမ္ပဏီဘက်မှ ထုတ်ပြန်ကြေညာခဲ့သည်။

အခြားသော အချက်အလက်များကိုမူ ကုမ္ပဏီဘက်မှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ လူနာ၏အခြေအနေကို စောင့်ကြည့်ဆဲဖြစ်ပြီး လုံခြုံစိတ်ချရရေး စောင့်ကြည့်မှုအဖွဲ့နှင့် သမားတော်များက သုံးသပ်မှုနှင့်တွက်ချက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကုမ္ပဏီဘက်မှ ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၃ ရက်တွင် တတိယအဆင့်စမ်းသပ်မှုအတွက် ပါဝင်မည့် စေတနာ့ဝန်ထမ်း ပုဂ္ဂိုလ်များ၏ စာရင်းကို ကုမ္ပဏီဘက်မှ ကောက်ယူခဲ့သည်။

ဆင်ဟွာ