ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော  တပ်မတော် (လေ)ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ ထွက်ခွာ

နေပြည်တော်   ဇွန်    ၂၈

 

ထိုင်းဘုရင့်လေတပ်  ဦးစီးချုပ်ဖြစ်သူ Air Chief Marshal Alongkom Vannarot ၏ ဖိတ်ကြားချက်အရ     ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သော  တပ်မတော်(လေ)  ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည်   ယနေ့တွင် ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့်   ရန်ကုန်မြို့မှထွက်ခွာသွားသည်။

 

ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့အား   ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်  ဇော်ဟိန်းနှင့်  အဖွဲ့ဝင်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း  သတင်းရရှိ သည်။                     

သတင်းစဉ်