ကျားဖောင်လုပ်ငန်းသို့ ပို့ဆောင်၍ လုပ်အားခများ ခေါင်းပုံဖြတ်ရယူခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် မတ် ၂၂

 

ကျားဖောင်လုပ်ငန်းသို့ ပို့ဆောင်၍ လုပ်အားခများ ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နေ ဟိန်းဇော်ထွန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်နေ ဇော်ထိုက်တို့က ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်နေ ဦး ----- (၃၀)နှစ်ကို ဖျာပုံမြို့ရှိ ကျားဖောင်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ပါက လစာကောင်းကြောင်း၊ ကြိုတင်ငွေကျပ် (၄)သိန်း ထုတ်ယူ၍ရကြောင်း၊ စရိတ်ငြိမ်း ပို့ဆောင်ပေးမည်ဖြစ်ကြောင်း စည်းရုံးပြောဆို၍ ကျားဖောင်လုပ်ငန်းသို့ ပို့ဆောင်ကာ လုပ်အားခများ ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ဒလမြို့မရဲစခန်း၊ (ပ) ၄၁၈/ ၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၅/ ၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး တောင်ပိုင်းခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မတ် ၁၈ ရက်တွင် တရားခံ ဟိန်းဇော်ထွန်းနှင့် ဇော်ထိုက်တို့ကို  လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၅/ ၃၂ အရ အလုပ်နှင့် ထောင်ဒဏ် ငါးနှစ်စီချမှတ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်