ကာတာ ကမ္ဘာ့ဖလားပွဲမတိုင်မီ အလုပ်သမားအခွင့်အရေးနှင့်ပတ်သက်ပြီး စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရ

ဒိုဟာ နိုဝင်ဘာ ၂၃

 

ကာတာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကျင်းပရန် တစ်နှစ်သာ လိုတော့သည့်အချိန်တွင် ရွှေ့ပြောင်း လုပ်သားများ၏ အခွင့်အရေးနှင့် သက်သာချောင်ချိရေးအပေါ် စိုးရိမ်ပူပန်မှုများ မြင့်မားလာသည်။

 

အဆောက်အအုံများ ဆောက်လုပ်ရန် လုပ်ငန်းခွင်အတွင်း ခက်ခဲကြမ်းတမ်းသည့် အခြေအနေများကြောင့် အလုပ်သမားအများစုမှာ သေဆုံးရသည်ဟု လူ့အခွင့်အရေးအုပ်စုများက ပြောသည်။

 

ဖီဖာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အရှေ့အလယ်ပိုင်းဒေသ၌ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် ကာတာ နိုင်ငံဒိုဟာမြို့၌ ကျင်းပတော့မည်ဖြစ်သည်။

 

ပွဲကြည့်ပရိသတ် ၁ ဒသမ ၂ သန်းကို ဆွဲဆောင်နိုင်လိမ့်မည်ဟု ကာတာအစိုးရက ပြောသည်။ သို့သော်လည်း အလုပ်သမားအခွင့်အရေးနှင့် ပတ်သက်ပြီး စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည်။

 

ရွှေ့ပြောင်းလုပ်သားများသည် အားကစားရုံကြီး ခုနစ်ခုကို ဆောက်လုပ်နေရပြီး ဟိုတယ်များ၊ လမ်းများနှင့် မြေအောက်ရထားလမ်းများလည်း ဆောက်လုပ်ရသည်။ ရွှေ့ပြောင်းလုပ်သားအများစုမှာ တောင်အာရှနိုင်ငံများ အထူးသဖြင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် နီပေါနိုင်ငံတို့မှ ဖြစ်ကြသည်။

 

ရွှေ့ပြောင်းနေထိုင်သူအများစုမှာ ၂၀၁၀ ပြည့်နှစ် မှစတင်ကာ သေဆုံးခဲ့ကြခြင်း ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောသည်။ ပြင်းထန်သည့်အပူချိန်အောက်တွင် နာရီကြာရှည်စွာ အလုပ်လုပ်ကိုင်ရန် ဖိအားပေးခံရသည်ဟုလည်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ပြောသည်။

 

၎င်းတို့ သေဆုံးရခြင်းအကြောင်းကို စုံစမ်းမှုများ မရှိဟုလည်း အဆိုပါအဖွဲ့က ဆက်လက်ပြောကြားခဲ့သည်။ လုပ်ငန်းခွင်အခြေအနေများ တိုးတက်ကောင်းမွန်ရေးနှင့် အလုပ်သမားများအတွက် သင့်လျော်သည့် အလုပ်စာချုပ်များ ပြင်ဆင်ပေးခြင်းတို့ ပြုလုပ်ပေးရန်အတွက်လည်း အဆိုပါအဖွဲ့က တောင်းဆိုခဲ့သည်။

 

အင်န်အိတ်ချ်ကေ