ကာတာနိုင်ငံ ရက်စ်လက်ဖန် စက်မှုမြို့တော်ရှိ စက်ရုံတစ်ရုံတွင် ယမန်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူ ၅၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ၁၈ ဦး ပျောက်ဆုံးနေကြောင်း ကာတာပြည်ထဲရေးဝန်ကြီးဌာနက ဇွန် ၂၂ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါပေါက်ကွဲမှုသည် ဒိုဟာမြို့၏ မြောက်ဘက်ကီလိုမီတာ ၈၀ ခန့်အကွာရှိ ကာတာနိုင်ငံ၏ အဓိကသဘာဝဓာတ်ငွေ့တင်ပို့ရာ ဆိပ်ကမ်းဖြစ်သည့် ရက်စ်လက်ဖန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းမှုတစ်ရပ်ကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အာဏာ ပိုင်များက ပြောကြားသည်။       

ဆင်ဟွာ