ကဆုန်လပြည့်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် အထူးပင်စည်ကားလျက်ရှိ

 

တာမွေ၊ မေ ၃

 

မြန်မာသက္ကရာဇ် ၁၃၈၅-ခုနှစ် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ကြသူများ၊ ဥပုဒ်သီလစောင့်တည်ကြသူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူ၍ ကုသိုလ်ကောင်းမှုပြုသူများ၊ စတုဒီသာ ကျွေးမွေးလှူဒါန်းကြသူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။

 

 

မြန်မာသက္ကရာဇ် ၁၃၈၅-ခုနှစ် ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများအား အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် စနေ၊ တနင်္ဂနွေနှင့် နေ့ထူးနေ့မြတ် အစိုးရရုံးပိတ်ရက်များ၌ နေ့စဉ်နံနက် (၅) နာရီခွဲမှ ည (၈) နာရီအထိ ဖွင့်လှစ်ပေးထားပြီး မည်သူမဆို စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်၍ ကုသိုလ်ယူနိုင်ကြောင်း သတင်းရရှိပါသည်။

 

 

 

သတင်းနှင့်ဓာတ်ပုံ/ နိုင်လင်းအောင်(တာမွေ)