ကော်စတာရီကာ နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ခရစ္စမတ် အကြိုနေ့မှာ စတင်ထိုးနှံမည်

၂၄ ဒီဇင်ဘာ

 

 

ကော်စတာရီကာ နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်း အစီအစဉ်  ခရစ္စမတ် အကြိုနေ့ မှာ စတင်မယ်လို့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ သမ္မတ က ကြေညာလိုက်ပါတယ်။

 

 

သမ္မတ ကာလို့စ် အယ်ဗာရာဒိုက သတင်းစာ ရှင်းလင်းပွဲမှာ မနက်ဖြန်မှာ ကာကွယ်ဆေး စတင်ရရှိမှာ ဖြစ်ကြောင်း၊ ဒါဟာ နိုင်ငံအတွက် သတင်ကောင်းဖြစ်ပြီး၊ ကပ်ရောဂါပိုး ပြီးဆုံးတော့မယ့် အစဖြစ်ကြောင်း ပြောကြားပါတယ်။

 

 

Pfizer-BioNTech ထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အလုံးရေ ၉,၇၅၀ ဟာ ဗုဒ္ဓဟူးနေ့ ည ၉ နာရီအချိန်မှာ ဂျူအန် ဆန်တာမာရီအာ လေဆိပ်ကို ရောက်ရှိလာချိန်မှာ သမ္မတက လက်ခံရယူခဲ့ပါတယ်။

 

 

ကာကွယ်ဆေးကို ဦးစားပေး အနေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေကို ထိုးနှံပေးသွားမယ်လို့ သိရပါတယ်။

 

 

ကပ်ရောဂါပိုးဟာ ချက်ချင်းပျောက်သွားမှာ မဟုတ်ကြောင်းနဲ့ ကိုယ့်ကိုကိုယ် ဆက်လက် စောင့်ရှောက်သွားပြီး အချိန်ယူရမယ်လို့ သမ္မတ က ထည့်သွင်းပြောကြားပါတယ်။

 

 

လူဦးရေ ၅ သန်းနီးပါး နေထိုင်တဲ့ ကော်စတာရီကာ နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၆၀,၀၀၀ နဲ့ သေဆုံးသူ ၂,၀၆၅ ဦးရှိကြောင်း သိရပါတယ်။

 

 

ခရစ္စမတ် အကြိုနေ့မှာ ကာကွယ်ဆေး စတင်ထိုးနှံမယ့် လက်တင်အမေရိကနိုင်ငံ နောက်တစ်နိုင်ငံဖြစ်တဲ့ မက္ကဆီကို နိုင်ငံ ကလည်း Pfizer-BioNTech ထုတ် ကာကွယ်ဆေး ၃,၀၀၀ ကို စတင်ထိုးနှံပေးမှာ ဖြစ်ပါတယ်။

 

 

လူဦးရေ ၁၈ သန်းနေထိုင် ချီလီနိုင်ငံကလည်း Pfizer-BioNTech ထုတ် ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးကို လာမယ့်သီတင်းပတ်မှာ စတင်မယ်လို့ သိရပါတယ်။

 

 

MDN

ကိုးကား - AFP