ကျောက်ဆည်မြို့ တိုက်နယ်(၁၁)မှ ကျေးရွာ(၆)ရွာ၌ စိုက်ပျိုးထားသော နွေနှမ်းနှင့် မိုးကြိုချည်မျှင်ရှည်ဝါများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဇွန် ၁၇

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခုရှိပြီး စိုက်ပျိုးသီးနှံများကို ဆည်ရေသောက်စနစ်ဖြင့် နေရာဒေသအလိုက် စီမံကိန်းသီးနှံများ ရွေးချယ်စိုက်ပျိုးကြရာ တိုက်နယ်(၁၁)၊ ကျေးရွာ(၆)ရွာ၌ စိုက်ပျိုးထားသော နွေနှမ်းနှင့် မိုးကြိုချည်မျှင်ရှည်ဝါများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

နွေးနှမ်းနှင့် မိုးကြိုချည်မျှင်ရှည်ဝါများကို စိုက်ပျိုးရာတွင် နွားတက်၊ သင်းဒီး၊ အထက်လင်းဇင်း ဆည်မြောင်းရေများဖြင့် ဟံမြင့်မိုရ် ကျေးရွာအုပ်စုတွင် နွေနှမ်း(၆၃၃)ဧက၊ လယ်ကြီးကျေးရွာအုပ်စုတွင် နွေနှမ်း(၁၀၅၀)ဧက၊ ပုန်းညက်ကျေး ကျေးရွာအုပ်စုတွင် နွေနှမ်း(၇၇၂)ဧက၊ ကျားကာ ကျေးရွာအုပ်စုတွင် နွေနှမ်း(၉၇၈)ဧက၊ သံရွာကျေးရွာတွင် နွေနှမ်း(၆၅၀)ဧကနှင့် မိုးကြိုချည်မျှင်ရှည်ဝါ (၂)ဧက၊ ခါးတက်ကုန်းကျေးရွာအုပ်စုတွင် နွေနှမ်း(၂၀၀)ဧက စုစုပေါင်း နွေနှမ်း(၄၂၈၃)ဧကနှင့် မိုးကြိုချည်မျှင်ရှည်ဝါ (၂)ဧက စိုက်ပျိုးထားကြောင်း သိရသည်။

 

နွေနှမ်းသီးနှံနှင့် ချည်မျှည်ရှည်ဝါသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ရေးဦးစီးဌာန၊ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူများနှင့်ပူးပေါင်း၍ ဒေသနှင့်ကိုက်ညီပြီး အပင်ဖြစ်ထွန်းမှုနှင့် အထွက်နှုန်းသေချာသည့် မျိုးစေ့များ ရွေးချယ်စိုက်ပျိုးခြင်း၊ စိုက်ပျိုးရေပေးဝေခြင်း၊ အပင်ပြုစုပျိုးထောင်ခြင်း၊ ရိတ်သိမ်းသိုလှောင်ခြင်း နည်းပညာများ စနစ်တကျ ပံ့ပိုးကူညီလျက်ရှိကြောင်း သိရသည်။

 

ခရိုင် ပြန်/ဆက်၊ ကျောက်ဆည်