ကျောက်ဆည်မြို့၌ နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေးစာရင်များ ဆောင်ရွက်ပေးလျက်ရှိ

ကျောက်ဆည်   အောက်တိုဘာ  ၂၆

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံး ဦးဆောင်မှုဖြင့် ပဲခင်းကျေးရွာတွင် နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းများ အခမဲ့ ဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ထားရွှေနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ အသက်  ၁၀ နှစ်မှ ၁၈ နှစ်အတွင်းရှိ အမျိုးသား ကိုးဦး၊ အမျိုးသမီး ငါးဦး၊ အသက် ၁၈ နှစ်အထက် အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ကိုးဦး စုစုပေါင်း ၄၀ အား နိုင်ငံသား စိစစ်ရေးကတ်များ နေ့ချင်းပြီး အခမဲ့ ဆောင်ရွက်ပေးခဲ့သည့်အပြင် အိမ်ထောင်စုစာရင်း သုံးခု ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု ၉၇ အုပ်စု၊ ကျေးရွာပေါင်း ၂၁၇ ရွာရှိရာ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုစာရင်း မရှိသူများ၊ နိုင်ငံသားကတ် မရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ရာ မှတ်ပုံတင်ကတ် ပြုလုပ်ပေးပြီးသူ အမျိုးသား ၉၀၉ ဦးနှင့် အမျိုးသမီး ၈၄၃ ဦး စုစုပေါင်း ၁၇၅၂ ဦးနှင့် အိမ်ထောင်စုစာရင်း ၅၄၀ ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)