ကျောက်ဆည်မြို့၌ ရွှေမနော်နွေစပါး ၆၆ ပေ စံကွက်ရိတ်သိမ်းရာ တစ်ဧက ၁၃၅ တင်းထွက်ရှိ

ကျောက်ဆည် ဇွန် ၂၄

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် သင်တောင်းကျေးရွာ တောင်သူ ဦးမောင်မောင်ညွှန့် ကွင်းအမှတ်(၁၄၇)၊ ဦးပိုင်အမှတ်(၈၃/၃)တွင် ဇွန် ၂၄ ရက် နံနက်ပိုင်းက ရွှေမနော် ၆၆ ပေ စံကွက်ရိတ်သိမ်းရာ တစ်ဧက စပါးအစို ၁၃၅ တင်း ထွက်ရှိကြောင်း သိရှိရသည်။

 

ကျောက်ဆည်မြို့နယ်အနေဖြင့် နွေစပါးများကို ဇော်ဂျီဆည်ရေသောက်စနစ်ဖြင့် ပျိုးပင်စိုက် ၅၀၆ ဧက၊ တိုက်ရိုက်မျိုးစေ့ချ ၁၀၁ ဧက၊ မြေအောက်ရေ (စက်ရေတွင်း)စနစ်ဖြင့် ပျိုးပင်စိုက် ၅၃ ဧက၊ တိုက်ရိုက်မျိုးစေ့ချ ၄ ဧက၊ ကြဲပက် ၂၇ ဧက စုစုပေါင်း ၆၉၁ ဧက စိုက်ပျိုးခဲ့ကြောင်းနှင့် စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သော မနောသုခ၊ ရွှေမနော်၊ GW-11 စပါးမျိုးများ စိုက်ပျိုးကြောင်း သိရသည်။

 

စံကွက်ရိတ်သိမ်းရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်အောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

 

သက်မောင်(ကျောက်ဆည်)