ကျောက်ဆည်မြို့နယ် ပိ‌တောက်တက်ကျေးရွာ (အ.မ.က)တွင် လိုအပ်လျက်ရှိသည့် စာသင်ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပြီးစီး

ကျောက်ဆည်   ဒီဇင်ဘာ ၃၀

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပညာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြခံပညာရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စာသင်ကျောင်းဆောင်လိုအပ်ချက်အရ ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်လုပ်ပေးခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါ ကျောင်းဆောင်သစ်အား နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ ကျပ် ၄၉.၉၅၀ သန်းဖြင့် မိုးပြည့်မာန် ဆောက်လုပ်ရေးကုမ္ပဏီမှတာဝန်ယူကာ အလျားပေ(၆၀) ၊ အနံပေ(၃၀)၊ Steel Structure (၁)ထပ် ကျောင်း ဆောင်အသစ် ဆောက်လုပ်ပေးခြင်း ဖြစ်ကြောင်းနှင့် လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။

 

အခြေခံပညာရေးဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသည့် ကျောင်းဆောင်အသစ်များအား ဘဏ္ဍာနှစ်အလိုက် ဆောက်လုပ်ပေးလျက်ရှိသည့်အပြင် ပြင်ဆင်ရမည့် ကျောင်းဆောင်များအား ပြင်ဆင်ပေးခြင်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ကျောင်းဝန်အုတ်တံတိုင်းများ ကာရံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။


    
သက်မောင်