ကျောက်ဆည်မြို့နယ် တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းမှ ကျေးရွာအုပ်စု(၁၈)အုပ်စုတွင် နွေစပါး၊ နွေနှမ်း၊ နွေပဲတီစိမ်း၊ ငရုတ်နှင့် ဟင်းသီးဟင်းရွက် စုစုပေါင်း(၈၄၀၈)ဧက စိုက်ပျိုးထားရှိ

ကျောက်ဆည်၊ မေ ၂၈

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်၊ မြောင်း၊ ချောင်းကန် ပေါများပြီး ဆည်မြောင်းစနစ်ဖြင့် သီးနှံများ အဓိကထားစိုက်ပျိုးလျက်ရှိကြောင်းနှင့် မြစ်ရေတင်စနစ်၊ မြေအောက်ရေ (စက်ရေတွင်း) စနစ်များဖြင့် စိုက်ပျိုးသီးနှံများထားရှိပြီး တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းမှ ကျေးရွာအုပ်စု (၁၈)အုပ်စုတွင် နွေစပါး၊ နွေနှမ်း၊ နွေပဲတီစိမ်း၊ ငရုတ်နှင့် ဟင်းသီးဟင်းရွက် စုစုပေါင်း (၈၄၀၈)ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

 

တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် လက်ပန်ပင်၊ မယ်ဇင်ပင်၊ တံစိုး၊ သူငယ်တော်၊ ပွတ်တိုင်၊ မြောင်းဦး၊ အနောက်သာဂရ၊ ရွာပုလဲ၊ ကတဲ၊ ပနံ၊ ဇရပ်ဖြူ၊ သင်ပုတ်၊ ညောင်ရွေ၊ ရွာနန်း၊ ငါးအိုး၊ လက်ပံ၊ ညောင်ဝန်း၊ ကြောင်ပန်းကုန်း ကျေးရွာအုပ်စု (၁၈)အုပ်စု ပါဝင်ပြီး စိုက်ပျိုးသီးနှံများစိုက်ပျိုးရာ၌ တမုတ်၊ နွားတက်၊ ဇီးတော ဆည်မြောင်းရေများဖြင့် အဓိကစိုက်ပျိုးကြောင်း သိရှိရပြီး နွေစပါးသီးနှံများကို တမုတ် မြောင်းရေဖြင့် (၈၀)ဧက၊ နွေနှမ်းသီးနှံများကို နွားတက်မြောင်းရေဖြင့် (၁၆၆၆)ဧက၊ ဇီးတောမြောင်းရေဖြင့် (၄၂၀)ဧက၊ တမုတ်မြောင်းရေဖြင့် (၃၉၄၇)ဧက၊ နွေပဲတီစိမ်းသီးနှံများကို နွားတက်မြောင်းရေဖြင့် (၁၂၈)ဧက၊ ဇီးတောမြောင်းရေဖြင့် (၁၁၀)ဧက၊ တမုတ်မြောင်းရေဖြင့် (၈၁၄)ဧကနှင့် ငရုတ်(၇၀)ဧက၊ ဟင်းသီးဟင်းရွက် (၂၁)ဧက စုစုပေါင်း (၈၄၀၈)ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

 

ထိုသို့ နွေသီးနှံများစိုက်ပျိုးရာတွင် စီမံကိန်းသီးနှံများဖြစ်သည့် နွေစပါး၊ နွေနှမ်း၊ နွေပဲတီစိမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဆက်စပ်ဌာနများ၊ တောင်သူများနှင့်ပူးပေါင်း၍ မြေပြင်ခြင်း၊ မျိုးစေ့ရွေးချယ်ခြင်း၊ ရေသွင်းခြင်း၊ စိုက်ပျိုးရိတ်သိမ်းချိန် လုပ်ငန်းများကို စနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

           

သက်မောင်(ကျောက်ဆည်)