ကျောက်ဆည်မြို့နယ်၌ (၆၅)ကြိမ်မြောက် မြို့နယ်အဆင့် ဝိနည်းစာမေးပွဲကျင်းပ

ကျောက်ဆည်     ဇူလိုင်    ၂၀

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်၊ နေလသုခဓမ္မာရုံ(ဗြဟ္မဝိဟာရ) လေးထပ်ဆောင် ခန်းမတွင် ဇူလိုင် ၂၀ ရက် မွန်းတည့်ပိုင်းက (၆၅)ကြိမ်မြောက် မြို့နယ်အဆင့် ဝိနည်းစာမေးပွဲ ပြုလုပ်ခဲ့သည်။

 

ဝိနည်းစာမေးပွဲတွင် မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ သံဃာတော် ၄၇၈ ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဇူလိုင် ၂၇ ရက်တွင် မြို့နယ်သံဃနာယကရုံး၌ အောင်စာရင်းများ ထုတ်ပြန်သွားမည်ဖြစ်ကြောင်းနှင့် ဩဂုတ် ၁၁ ရက်တွင် သီရိသာသနာ့ဓမ္မာရုံ၌ စာအောင်လက်မှတ်များ ဆက်ကပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)