ကျောက်ဆည်မြို့နယ်၌ မိုးစပါး ၅၂၈၁၇ ဧက လျာထားစိုက်ပျိုး

ကျောက်ဆည်       ဇူလိုင်        ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မိုးစပါး ၅၂၈၁၇ ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ဧရာမင်းစပါး ဧက ၄၁၀၀၀၊ မနောသုခ ဧက ၈၀၀၀၊ ရွှေမနော် ဧက ၃၀၀၀ နှင့် ဆင်းသုခ ၈၁၇ ဧက ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

 

မိုးစပါးသီးနှံများ လျာထားစိုက်ပျိုးရာတွင် ပန်းခွာ-ကျီးပြ-သင်ပျို-ကျီးအိပ်-ဒွေးလှ-ငါးဆူ-ရှားပင် ကျေးရွာအုပ်စု တို့တွင် ဧက၂၂၄၀၊ ဒါန်းတိုင်-ရန်ဘက်လို-ပေတော-ဘုံကွင်း-စင်းကွန်း ကျေးရွာအုပ်စုတို့တွင် ၅၇၉၂ ဧက၊  လက်ပန်ဇင်-မယ်ဇယ်ပင်-တံစိုး-သူငယ်တော်-ပွတ္တိုင်-မြောင်းဦး-အနောက်သာဂရ-ရွာပုလဲ-ကတဲ-ပနံ ကျေးရွာ အုပ်စုတို့တွင် ၅၃၄၃ ဧက၊ ညောင်ရွေ-သင်ပုတ်-ဇရပ်ဖြူ-ငါးအိုး-ရွာနန်း-လက်ပန်-ညောင်ဝန်း- ကြောင်ပန်းကုန်း ကျေးရွာအုပ်စုတို့တွင် ၄၂၀၆ ဧက၊ တောင်နောက်-သင်တောင်း-အင်တိုင်း-ပြည်ပန်းဖောင်ရွာ- ကြက်မင်းတွန်- ပတ္တာ-ပင်တလည်- သမန္တလင်း- မြင်းကဘက်- မုန့်ပေါင်း- လက်ပန်ဇင် ကျေးရွာအုပ်စုတို့တွင် ဧက ၅၉၇၀၊ အရှေ့ငယ်တိုး-ထန်းဇင်တော်-ငှက္ကတောင်-ရွှေဓား-ရဲဘော်ကြီး ကျေးရွာအုပ်စုတို့တွင် ၃၉၁၄ ဧက၊ ဖျောက်ဆိပ်ပင်-ရွာသစ်-ရေသရောက်-ချောင်းဆုံ-သရက်ပင်-ရဲ၊ကြောင်၊ ဇရစ်ခဲ၊ အုန်းကြော၊ ကြက်သားဟင်း ကျေးရွာအုပ်စုတို့တွင် ဧက ၂၅၀၊ သင်္ဂတုံ-အရှေ့သာဂရ-ကလေး-မှိုင်းပန်-ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း ကျေးရွာအုပ်စုတို့တွင် ၅၉၈၄ ဧက၊ ရဲမအူ-စိုင်မလန်း-ကိုးပင်- အင်ရောင်း-ကလိုင်ကျော် ကျေးရွာအုပ်စုတို့တွင် ၄၂၃၃ ဧက၊ မင်းစု-စပါယ်တော-ရွှေအင်း-လေးဆယ်ကုန်း-တောတွင်-မြေစိုပယ် ကျေးရွာ အုပ်စုတို့တွင် ၅၀၁၂ ဧက၊ ဟံမြင့်မိုရ်-လယ်ကြီး-ပုန်းညက်ကျေး-ကျားကာ-သံရွာ-ခါးတက်ကုန်းကျေးရွာအုပ်စု တို့တွင် ၄၆၈၈ ဧက၊ ဆူးလေကုန်း-ပေါက်ပင်ကွေ့-မြေစိုမိုး-ပဲခင်း-ပေါင်လောင်-တောင်တော်-ကင်းကျေးရွာ အုပ်စုတို့တွင် ၅၁၈၅ ဧက စုစုပေါင်း ၅၂၈၁၇ ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)