ကျောက်ဆည် ဇူလိုင် ၂

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပတ္တာကျေးရွာအုပ်စု၌ သက်တန့်ရောင်စီမံကိန်းဖြင့် စိုက်ပျိုးထားသော ရွှေမနော်နွေစပါးစိုက်ခင်း ရိတ်သိမ်းခြွေလှေ့နေမှုကို ဇွန် ၃၀ ရက်က မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး တစ်ဧက ၁၁၂ တင်း ထွက်ရှိကြောင်း သိရသည်။

 

ယင်းသို့ ရိတ်သိမ်းရာတွင် ပတ္တာကျေးရွာအုပ်စု ပတ္တာစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း အသင်းသားတောင်သူ ဦးမျိုး၏ စိုက်ဧက ၁ ဒသမ ၆၀ ဧက စပါးခင်းဖြစ်ကြောင်းနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ တောင်သူ ၄၈ ဦး၏ နွေစပါး ၁၄၂ ဧက စိုက်ပျိုးရန် ပံ့ပိုးပေးထားကြောင်း သိရသည်။ 

 

သက်မောင်(ကျောက်ဆည်)