ကျောက်ဆည်မြို့နယ်၌ နွေနှမ်း(၂၉၉၉၆)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်

ကျောက်ဆည်၊ ဇန်နဝါရီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဒေသအတွင်းစားသုံးဆီ ဖူလုံပိုလျှံရေးအတွက် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် နွေနှမ်း(၂၉၉၉၆)ဧက လျားထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

နွေနှမ်းများစိုက်ပျိုးရာတွင် ဇော်ဂျီရေသောက်စနစ်ဖြင့် မင်းရဲစိုက်ပျိုးရေးနည်းပညာပေး စခန်းတွင် (၅၄၅၄)ဧက၊ သင်းတွဲစိုက်ပျိုးရေးနည်းပညာပေး စခန်းတွင် (၅၉၂၄)ဧက၊ သင်းဒီးစိုက်ပျိုးရေးနည်းပညာပေး စခန်းတွင် (၃၆၃၃)ဧက၊ ထုံးကြီးစိုက်ပျိုးရေးနည်းပညာပေး စခန်းတွင် (၄၇၀၀)ဧက၊ တမုတ်စိုက်ပျိုးရေး နည်းပညာပေး စခန်းအောက်တွင် (၅၇၂၆)ဧကနှင့် ကင်းတားရေသောက်စနစ်ဖြင့် သင်းဒီးစိုက်ပျိုးရေးနည်းပညာပေး စခန်းအောက်တွင် (၄၅၅၉)ဧက စုစုပေါင်း(၂၉၉၉၆)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နွေနှမ်းများစိုက်ပျိုးရာတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးနည်းပညာပေး စခန်းများအလိုက် ဝန်ထမ်းများက နယ်မြေများတွင် ကွင်းဆင်းကာ နည်းပညာများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)