ကျောက်ဆည် မေ ၂၈

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ကန်ထရိုက် လယ်ယာစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တောင်သူများနှင့်တွေ့ဆုံပွဲကို မေ ၂၆ ရက်က ငါးလုံကုန်းကျေးရွာ၌ ကျင်းပသည်။

 

မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဝင်း၊ ကျောက်ဆည်မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်များသည် ငါးလုံကုန်းကျေးရွာရှိ စိုက်ပျိုးရေးနှင့် အထွေထွေ သမဝါယမအသင်းသို့ သွားရောက်ကာ ကွင်းအမှတ် (၁၆၂)ရှိ တစ်ဆက် တစ်စပ်တည်း လယ် ၁၀၈ ဒသမ ၈၄ ဧကအား ကန်ထရိုက်လယ်ယာ စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စုစုအေး(ကျောက်ဆည်)