ကျောက်ဆည်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါး၊ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ       

ကျောက်ဆည်၊ ဇန်နဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ဆောင်အစည်းအဝေးခန်းမတွင် ဇန်နဝါရီ ၂၅ ရက် နံနက် ၉ နာရီက  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါးနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ စာစီစာကုံးပြိုင်ပွဲတွင် သွေးစည်းညီညီ စိန်ရတုဆီ ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်(၁၉)ဦး၊ ကဗျာပြိုင်ပွဲတွင် ရွှေရောင်လွှမ်းလို့ စိန်ရတုဆီသို့ ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်(၉)ဦး၊ ဆောင်းပါးပြိုင်ပွဲတွင် ပြည်ထောင်စု၏ ထာဝရအလှများခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်(၁)ဦး၊ ပန်းချီပြိုင်ပွဲတွင် ချစ်ခြင်းတရားနှင့် ပြည်ထောင်စုခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်(၉)ဦး၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ပြည်ထောင်စုဘွား သွေးစည်းညီညွတ်မှုအင်အား၊ တူရွှင်နွဲပျော် စိန်ရတုပြည်ထောင်စုပွဲတော်နှင့် စိန်ရတုပြည်ထောင်စုနေ့နှင့် ယနေ့လူငယ်တာဝန် စသည့် ခေါင်းစဉ်များဖြင့် ပြိုင်ပွဲဝင်(၄)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာ အထက်တန်းကျောင်း (၂၀)မှ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၄၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ 

အဆိုပါပြိုင်ပွဲများမှ ပထမဆု ရရှိသူများကို ဇန်နဝါရီ ၂၈ ရက်တွင် ခရိုင်အဆင့်ပြို်ငပွဲအဖြစ် ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)