ကျောက်ဆည်မြို့နယ်တွင် အသက်(၅)အထက် ကျောင်းသား၊ ကျောင်းသူ(၂၁၀၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်

ကျောက်ဆည် ဇွန် ၁

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ယူသွားမည့် အသက်(၅)အထက် ကျောင်းသား၊ ကျောင်းသူ(၂၁၀၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံရာတွင် ကျောင်းသား၊ ကျောင်သူများ အဆင်ပြေစေရေး ကာကွယ်ဆေးထိုးစုရပ် (၆၄)နေရာသတ်မှတ်ထားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဒေသခံတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်းပြီး ကာကွယ် ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ကျောက်ဆည်မြို့နယ်တွင် မူလတန်းကျောင်း-ခွဲ(၁)၊ မူလတန်းကျောင်း (၁၂၉)၊ မူလတန်းလွန်ကျောင်း (၂၆) ကျောင်း၊ အလယ်တန်း(၈)ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ(၂)ကျောင်း၊ အထက်တန်းကျောင်း-ခွဲ (၉)ကျောင်း၊ အထက်တန်းကျောင်း (၁၁)ကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်း (၁)ကျောင်းနှင့် အထက်တန်းကျောင်း (၃) ကျောင်း၊ ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းကျောင်း (၁၁)ကျောင်း၊ မူလတန်းလွန်ကျောင်း (၆)ကျောင်းနှင့် အလယ်တန်းကျောင်း (၁)ကျောင်းရှိကြောင်းနှင့် အစိုရပညာရေးကျောင်းများမှ ကျောင်းသား/ ကျောင်းသူ(၁၈၈၄၇)ဦး၊ ဘုန်းတော်ကြီးပညာရေးကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၁၅၉၈)ဦး၊ ကိုယ်ပိုင် ကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၅၅၅)ဦး စုစုပေါင်း (၂၁၀၀၀)ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)