ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ (၁၁၄၅၃)ဦး ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်

 

ကျောက်ဆည်  ဇူလိုင်  ၂၃

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် အသက်(၅)မှ (၁၂)အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲတွင် ကျောင်းသား/ကျောင်းသူ (၁၁၄၅၃)ဦး ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

 

ထိုသို့ကာကွယ်ဆေးများထိုးနှံရာတွင် လုပ်ငန်းများမြန်ဆန်ရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် အခြေခံပညာကျောင်းများတွင် စုရပ်များအဖြစ်သတ်မှတ်ပြီး မြိုနယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အခြေခံပညာဦးစီးဌာနမှ ပညာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ်အနေဖြင့် အသက်(၅)နှစ်မှ(၁၂)အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးရာတွင် ကျန်ရှိမှုမရှိစေရေး အခြေခံပညာကျောင်းများ၊ ဘုန်းတော် ကြီးသင် ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိရာ ပထမအကြိမ်အဖြစ် အခြေခံပညာကျောင်းများတွင် (၂၄၇၀၅)ဦး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် (၁၅၈၇)ဦး၊ ကိုယ်ပိုင်ကျောင်းများတွင် (၆၇၃)ဦး စုစုပေါင်း(၂၆၉၆၅)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)