ကျောက်ဆည်မြို့နယ်တွင် လူသုံးကုန် အင်္ဂတေပစ္စည်း ပြုလုပ်ရောင်းချသူများ အဆင်ပြေ

ကျောက်ဆည် ဇူလိုင် ၃

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် လူသုံးကုန် အင်္ဂတေပစ္စည်း ပြုလုပ်ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

 

အင်္ဂတေပစ္စည်းများ ပြုလုပ်ရာတွင် ကျောက်၊ ထုံး၊ သဲ၊ ကျောက်၊ ဘိလပ်မြေနဲ့ သံထည်ပစ္စည်းများပါဝင်ပြီး ကုန်ချောပစ္စည်များ ပြုလုပ်ရောင်းချရာတွင် ဝယ်ယူသည့်ဖောက်သည်များအကြိုက် ပစ္စည်းမျိုးစုံ၊ အရွယ်အစားမျိုးစုံ ပြုလုပ်ရောင်းချရသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးလာသည့်နှင့်အမျှ တောင်သူများ သီးနှံပေါ်သည့်အခါ ပိုမိုရောင်းချရကြောင်း အင်္ဂတေပစ္စည်း ကိုယ်တိုင်ပြုလုပ်ရောင်းချနေသည့် ဦးဇော်လတ်က ပြောသည်။

 

အင်္ဂတေပစ္စည်း ပြုလုပ်ရောင်းချရာတွင် ကျောက်စားပွဲများ၊ ကျောက်ထိုင်ခုံများ၊ ကွန်ကရစ်ခြံဝန်းတိုင်များ၊ အိမ်ဆောက်ကျင်တွယ်ခုံများ၊ ရေတွင်းဂွေများ၊ ရေပြွန်များ၊ ရေကန်များ၊ နွားများအစာထည့်ကျွေးသည့် နွားစားကျင်းများ၊ အင်္ဂတေအုတ်များ စသည့် ပစ္စည်းများဖြစ်ပြီး ယခုအခါ အင်္ဂတေလက်မှုပညာဖြင့် ဝင်ငွေရှာသူများအနေဖြင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းမှ စီးပွားဖြစ်လုပ်ငန်းအဖြစ် ပြုလုပ်ရောင်းချလာကြကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)