ကျောက်ဆည်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားရာ နေအိမ်ငါးလုံး မီးလောင်ဆုံးရှုံး

ကျောက်ဆည် ၂၃  မတ်

 

ကျောက်ဆည်မြို့နယ်၊ ဆူးလေကုန်းကျေးရွာတွင် ယမန်နေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်ခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အဆိုပါမီးသည် ထမင်းအိုးတည်ပြီး မီးမငြှိမ်းဘဲထားခဲ့ရာမှ ထရံကို မီးကူးပြီး စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။     

 

မီးလောင်ရာသို့ ကျောက်ဆည်မြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူများနှင့် သန္ဓေတပ်ဖွဲ့ဝင်(၂၄)ဦးတို့သည် ကျေးရွာပြည်သူများနှင့် ဝိုင်းဝန်ငြိမ်းသတ်မှုကြောင့် မိနစ် ၄၀ အတွင်း  မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် လူနေအိမ်ငါးလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အခြားလူနှင့် တိရိစ္ဆာန်များ မီးလောင်ဆုံးရှုံးမှုမရှိကြောင်း ခရိုင်ပြန်/ဆက်မှ  သိရသည်။ 

 

MDN

 

DSC