ကျောက်ဆည်မြို့နယ်တွင် နေကြာသီးနှံ ၂၆၈၇ ဧက စိုက်ပျိုးအောင်မြင်

ကျောက်ဆည် စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီတွင် မျိုးစေ့ထုတ်စိုက်ဧက ၂၀၀ အပါအဝင် နေကြာသီးနှံ ၃၁၉၇ ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ကျေးရွာအုပ်စု (၁၂)အုပ်စုတွင် ၂၆၈၇ ဧက စိုက်ပျိုးပြီးစီးပြီး နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နေကြာသီးနှံများ အောင်မြင်စေရေး တောင်သူများနှင့် ပူးပေါင်းကာ ဒေသနှင့်ကိုက်ညီပြီး တောင်သူများနှင့် ပူးပေါင်းအောင်မြင်ဖြစ်ထွန်းသည့် မျိုးစေ့များ ဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့် မျိုးစေ့ဖူလုံပိုလျှံရေး တောင်သူများနှင့် ပူးပေါင်းမျိုးစေ့ထုတ် စိုက်ခင်း ၂၀၀ ဧက စိုက်ပျိုးထားကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)