ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာ

ကျောက်ဆည် ဇူလှိုင် ၂

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါး၊ ကြက်သွန်၊ ငရုပ်၊ မြေပဲ၊ နှမ်း၊ ဝါ၊ ကုလားပဲ၊ ငှက်ပျောစသည့်သီးနှံမျိုးစုံ စိုက်ပျိုးကြသော်လည်း ယခုအခါ တောင်သူများအနေဖြင့် ယာမြေများတွင် ဈေးကွက်ဝင်မည့် ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။

 

ငှက်ပျောစိုက်ရာတွင် တစ်ပင်ချင်းစိုက် (တစ်ပင်တန်း)နှင့် နှစ်ပင်တွဲစိုက်(စွယ်စုံ)စိုက်ပျိုးခြင်းဟူ၍  အတန်းလိုက် စိုက်ပျိုးကြကြောင်း၊ တစ်ပင်တန်း စိုက်ပျိုးမည်ဆိုပါက တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း ()ပေအကွာ စိုက်ပျိုးကြပြီး နှစ်ပင်တန်း(စွယ်စုံ) စိုက်ပျိုးမည်ဆိုပါက အတန်းကြား(၁၀)ပေခန့်အကွာ စိုက်ပျိုးကြကြောင်း သိရသည်။

 

ငှက်ပျောသီးနှံသည် စိုက်ပျိုးပြီး()လအကြာတွင် အဖူးများထွက်ရှိပြီး (၁၂)အကြာတွင် စတင်ခုတ်ရောင်းရ ကြောင်း၊ နှစ်ပင်တန်း(စွယ်စုံ) ငှက်ပျောတစ်ဧက စိုက်ပျိုးမည်ဆိုပါက အပင်ရေ(၈၀၀)ခန့် ဝင်ဆန့်ကြောင်း၊ ကုန်ကျမှုအနေဖြင့် ထယ်စရိတ်၊ ထွန်စရိတ်၊ မျိုးဖိုး(ငှက်ပျောစို့အပင်ငယ်)နှင့် စိုက်စရိတ် အပါအဝင် ရေတင်ခြင်း၊ မြေဩဇာအသုံးပြုခြင်း၊ အသီးများရောင်းချပြီး ပင်စည်ခုတ်လှဲရှင်းလင်းခြင်းများ အပါအဝင် စုစုပေါင်း ငွေကျပ်()သိန်းကျော် ()သိန်းနီးပါးကုန်ကျကြောင်း၊ ရောင်းချရမှုအနေဖြင့် ငှက်ပျောခိုင် တစ်ခိုင်လျှင် ငှက်ပျော်အဖီး ()ဖီးသတ်မှတ်ကာ ငှက်ပျောအခိုင်(၄၀)ပါ နွားလှည်းတစ်စီးအား ငွေကျပ် ()သိန်း ရှစ်သောင်း ဈေးရောင်းချရကြောင်း၊ ငှက်ပျောတစ်ဧကစိုက်ပျိုးထားပါက ပျမ်းမျှလှည်းအစီးရေ (၁၃)စီးမှ (၁၄)စီး ရောင်းချရ ကြောင်း၊ ကျောက်ဆည်မြို့နယ် သံရွာကျေးရွာမှ တောင်သူဦးမျိုးထွန်းထံမှ သိရသည်။

 

ငှက်ပျောသီးနှံစိုက်ပျိုးခြင်းသည် အလုပ်သမားရှားပါးခြင်းနှင့် သွင်းအားစုမြင့်မားခြင်းများ မရှိသောကြောင့် တောင်သူများ ပိုမိုစိုက်ပျိုးလာကြောင်း၊ ငှက်ပျောစိုက်တောင်သူများထံမှ သိရသည်။

သက်မောင်(ကျောက်ဆည်)