ကျောက်ဆည်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အခြေခံသမဝါယမအသင်းသားများ စိုက်ပျိုးထားသည့် နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဇူလိုင် ၂

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အခြေခံသမဝါယမအသင်းသားများ စိုက်ပျိုးထားသော နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

နွေစပါးများစိုက်ပျိုးရာတွင် အခြေခံသမဝါယမအသင်းများဖြစ်သည့် တောင်ပလူကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသား (၃၁)ဦးမှ (၁၅၂)ဧက၊ အရှေ့ရွာနန်းကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသား (၁၈)ဦးမှ (၈၆)ဧက၊ ပုထိုးနီကျေးရွာစံပြစိုက်ပျိုးရေးနှင့် ထုတ်လုပ်ရေး သမဝါယမအသင်းသား (၃၀)ဦးမှ (၁၅၀)ဧက၊ ပင်တလည်ကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသား (၄)ဦးမှ (၃၀)ဧက စုစုပေါင်း အခြေခံသမဝါယမအသင်းသား တောင်သူ (၈၃)ဦးမှ (၄၁၈)ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

 

နွေစပါးသီးနှံများစိုက်ပျိုးရာ၌ အောင်မြင်စေရေးနှင့် သွင်းအားစုအခက်အခဲမရှိစေရေး မြို့နယ်သမဝါယမဦးစီးဌာနမှ အခြေခံသဝါယမအသင်းသား တောင်သူများအား နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် စပါးတစ်ဧက စိုက်ပျိုးရန်အတွက် ငွေကျပ်(၂)သိန်းနှုန်းနှင့် ညီမျှသော သွင်းအားစုများ ထောက်ပံ့ပေးခဲ့ကြောင်းနှင့် ထွက်ရှိလာသည့်စပါးများ ရောင်းချရာ၌ အလွယ်တကူရောင်းချနိုင်ရေးနှင့် အကျိုးအမြတ်ရရှိရေး ဝယ်ယူကြိတ်ခွဲရေးအဖွဲ့များ ဖွဲ့စည်းထားပြီး သတ်မှတ်ကာလပေါက်ဈေးဖြင့် ဝယ်ယူသွားမည်ဖြစ်သဖြင့် နွေစပါးစိုက် အခြေခံသမဝါယမအသင်းသားများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

           

ခရိုင်(ပြန်/ဆက်)ကျောက်ဆည်