ကျောက်ဆည်မြို့တွင် အင်ဗာတာ အားသွင်းထားရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား

ကျောက်ဆည် မေ ၂၇

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကံဦးရပ်၊ ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေး (၁၂)ပေ၊ (၂၅)ပေ သွပ်မိုး၊ မြေစိုက် Steel Stucture (၁)ထပ် Like Mobile ဆိုင်ခန်းတွင် ည ၁၁ နာရီ ၄၆ မိနစ်ခန့်က အင်ဗာတာ အားသွင်းထားရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ Like Mobile ဆိုင်ခန်းတွင် အင်ဗာတာ အားသွင်းထားရာမှ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် Like Mobile ဆိုင်ခန်းဘေးရှိ (၁၂)ပေ၊ (၂၅)ပေ တော်ဝင်ရတနာ ဖယောင်းပုဆိုးဆိုင်ခန်း (၁)ခန်း၊ Like Mobile ဆိုင်ခန်း KMD Sale & Service ဆိုင်ခန်း (၃)ခန်း၊ (၁၂)ပေ၊ (၂၅)ပေ လင်း Mobile ဆိုင်ခန်း (၁)ခန်း စုစုပေါင်း ဆိုင်ခန်း (၆)ခန်းနှင့် အတွင်းပစ္စည်းများဖြစ်သည့် ဖုန်းနှင့်ဆက်စပ်ပစ္စည်းများ၊ ဖယောင်းပုဆိုးများ၊ ဆိုင်ကယ် (၁)စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

မီးလောင်ရာသို့ ကျောက်ဆည်ခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးစောလွင်အေး ဦးဆောင်၍ ရေသယ်ယာဉ် (၃)စီး၊ ကျောက်ဆည်မြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၂)စီး၊ စဉ့်ကိုင်မြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၁)စီး၊ ဘယ်လင်းနယ်မြေ မီးသတ်စခန်းမှ ရေသယ်ယာဉ် (၁)စီးနှင့် သန္ဓေတပ်ဖွဲ့ဝင် (၃၆)စီး၊ အရန်အဖွဲ့ဝင် (၅)ဦးတို့သည် ပြည်သူများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုများ မရှိကြောင်း သိရသည်။

 

ကျောက်ဆည်(ပြန်/ဆက်)