ကျောက်စိမ်းပန်းပု ပညာရှင်နှင့်ဝါသနာရှင်အသင်း စနစ်တကျဖွဲ့စည်းနိုင်ရေး ဆွေးနွေး

မန္တလေး ၂  အောက်တိုဘာ

ကျောက်စိမ်းပန်းပု ပညာရှင်နှင့်ဝါသနာရှင်အသင်း စနစ်တကျဖွဲ့စည်းနိုင်ရေးဆွေးနွေးပွဲ မန္တလေးမြို့၊         ရတနာပုံ စူပါစင်တာ သုံးလွှာရှိ ICT Park တွင် ယနေ့ နံနက် ၁၀ နာရီ က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ်(ဗဟို)မှ ဒုတိယဥက္ကဌ ဦးကျော်သူရ            (မြန်မာသူရကျောက်မျက်ကုမ္ပဏီ) မှ ဆွေးနွေးပွဲကျင်းပရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ထို့နောက် တက်ရောက် လာသော ကျောက်စိမ်းပန်းပုပညာရှင်များ က ကျောက်စိမ်းပန်းပု ပညာရှင်နှင့်ဝါသနာရှင်အသင်း စနစ်တကျ ဖွဲ့စည်းနိုင်ရေး သုံးသပ်ဆွေးနွေးပြောကြားခဲ့ကြသည်။

၎င်းနောက် တက်ရောက်လာသော ကျောက်စိမ်း ပန်းပု        ဝါသနာရှင်များက သိရှိလိုသည်များ မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ပြည်တွင်းအချောထည်ဖွံ့ဖြိုးရေးအခန်းကဏ္ဍမှာ ၊အချောထည်များထုတ်လုပ်နိုင်ရန် လူသားအရင်းအမြစ် တွေ ရှိရမယ်၊ ပညာရှင်တွေရှိရမယ်၊ ဒီအတွက် ပညာရှင်တွေ ဝါသနာရှင်တွေ အချင်းချင်းချိတ်ဆက်မိစေရန် လိုအပ်ပါတယ်၊ ဒါကြောင့် မြန်မာနိုင်ငံကျောက်စိမ်းပန်းပုပညာရှင် နှင့်ဝါသနာရှင် အသင်းဖွဲ့စည်းနိုင်ရေး ပထမအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပတာဖြစ်ပါတယ်၊  မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ် (ဗဟို) မှ ဒုတိယဥက္ကဌ ဦးကျော်သူရ            (မြန်မာသူရ ကျောက်မျက်ကုမ္ပဏီ)  က ပြောကြားသည်။

အဆိုပါ ကျောက်စိမ်းပန်းပုပညာရှင်နှင့်ဝါသနာရှင်အသင်းကို ပညာရှင်၊ လုပ်ငန်းရှင်နှင့်ဝါသနာရှင်တို့ ချိတ်ဆက်မိစေရန်၊ပန်းပုပညာရှင်နှင့်ပန်းပုပညာရပ်များ ပိုမိုထွန်းကားလာစေရန်နှင့်ပိုမိုပြန့်ပွားကျယ်ပြောလာစေရန်၊ အမွေအနှစ်တစ်ခုအဖြစ်ထာဝရ ဆက်လက်ရှင်သန်စေရန်၊ ခေတ်စနစ်နှင့်ညီမျှသော စက်ကိရိယာများ၊ နည်းပညာများ၊ လက်ရာများ၊ဈေးကွက်ဖြစ်ထွန်းနေမှုများကို အချင်းချင်းဖလှယ်မျှဝေနိုင်စေရန်၊ နိုင်ငံတော်အတွက် အားထားရာ အသင်းဖြစ်လာစေရန်၊ကမ္ဘာ့အဆင့်မှီလက်ရာများဖြင့် ပြည့်၀သော အသင်းသား ပညာရှင်များ ပေါ်ထွက်လာ စေရန်၊အချင်းချင်း ချစ်ခင်ရင်းနှီးမှုတိုးပွားလာပြီး ရိုင်းပင်းကူညီနိုင်လာကြစေရန်နှင့် ကျောက်စိမ်းပန်းပု အဆင့်အတန်းမြင့်မားလာပြီး ဈေးကွက်ထိုးဖောက်မြှင့်တင်လာနိုင်စေရန် အစရှိသော ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

သန်းဇော်မင်း(ပြန်/ဆက်)

DSC150