ကျောက်ကြီးမြို့ ချောင်းရေမြှင့်တက်လာ၍ မြို့နယ်အတွင်း လူနေအိမ်အချို့ ထပ်မံယာယီပြောင်းရွေ့

ကျောက်ကြီး ၂ သြဂုတ်


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့ ချောင်းရည်မြင့်တက်မှုကြောင့်  မြို့နယ်အတွင်း စုစုပေါင်း အိမ်ထောင်စုဝင် (၅၅)စု၊ လူဦးရေး (၂၄၉) ဦး အထိရှိလာပြီး သြဂုတ်လ ၂ ရက်နေ့တွင် ထပ်မံ၍ ယာယီပြောင်းရွှေခဲ့ရကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။


ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ်(၈၆၀) အန္တရာယ်ရေအမှတ် (၉၃၀) စင်တီမီတာရှိရာ ယနေ့တွင် (၈၁၅)စင်တီမီတာရှိပြီး၊ ကျောက်ကြီးချောင်းရေ (၃.၁)ပေခန့် မြင့်တက်ဝင်ရောက်လာသဖြင့်၊ မြို့နယ်အတွင်း ကပ်ကျေးရပ်ကွက် အိမ်ထောင်စုဝင် (၁၁)စု၊ မင်းအိုကြီး ဘုန်းတော်ကြီးကျောင်း သို့လည်းကောင်း၊ ပဲခူးရပ်ကွက် အိမ်ထောင်စုဝင် (၃)စု၊ မြို့တွင်း ဘုန်းတော်ကြီးကျောင်း မိုးကုတ် ဓမ္မရိပ်သာ ဓမ္မာရုံ သို့လည်းကောင်း၊ ဝက်လာတောကျေးရွာအုပ်စု ဗမာဝက်လာတောကျေးရွာ အိမ်ထောင်စုဝင် (၉)စု၊ နီစပ်ရာဆွေမျိုးများနေ၌ လည်းကောင်း ပြောင်းရွေ့ခဲ့ရသည်။


အဆိုပါ ရေဘေးရှောင်ပြည်သူများအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ် (၂)စစ်ဗျူဟာအဖွဲ့ ယာယီစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်စိုးမင်းနှင့် ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ တို့ စီစဉ်ညွှန်ကြားမှုဖြင့် အမှတ်(၃၅၁)ခြေမြန်တပ်ရင်း ခေတ္တတပ်ရင်းမှူး ဗိုလ်မှူး ကျော်ပြည့်ဖြိုးမင်း ဦးဆောင်သည် အရာရှိစစ်သည်များ၊ မြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးစိုးလင်းထွန်း ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်းပင်သာယာအဖွဲ့ မော်တော်ယာဉ်နှင့် စည်ပင် ဝန်ထမ်းများက ဝိုင်းဝန်ကူညီရွေ့ပြောင်းပေးခဲ့ပြီး၊ ရေဘေးရှောင်ပြည်သူများအတွက် အမှတ်(၃၅၁)ခြေမြန်တပ်ရင်း ဆေးအဖွဲ့မှာ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကိုသားကြီး(ကျောက်ကြီး)