ကျောက်ကြီးမြို့နယ်၌ လမ်းဘေးခေတ္တရပ်နေသော သားအဖနှစ်ဦးနှင့်ဆိုင်ကယ်အား ယာဉ်တစ်စီးမှ တိုက်မိသဖြင့် တစ်ဦးသေဆုံး

ကျောက်ကြီး  ၁၈  ဧပြီ

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျွန်းပင်ဆိပ်ကျေးရွာအုပ်စု သူဌေးကုန်းကျေးရွာရှေ့ တောင်ငူ-မုပ္ပလင် ကားလမ်းမပေါ်၌ ဧပြီ ၁၇ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်က လမ်းဘေးတွင် ခေတ္တရပ်တန့်နေသော ဆိုင်ကယ်အား ယာဉ်တစ်စီးမှ တိုက်မိသဖြင့် ဆိုင်ကယ်ပါသူနှစ်ဦးမှ တစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်မှာ  ကျွန်းပင်ဆိပ်ကျေးရွာအုပ်စု သူဌေးကုန်းကျေးရွာရှေ့ တောင်ငူ-မုပ္ပလင်ကားလမ်းမ ကြောင်ပြာကျေးရွာလမ်းခွဲတွင် ကျောက်ကြီးဘက်မှ မုန်းဘက်သို့ ဦးပွားထူး  မောင်းနှင်ပြီး နောက်တွင် ၎င်း၏သားဖြစ်သူ ရှိုင်းဝဏ္ဏအောင် လိုက်ပါလာသော ဆိုင်ကယ်သည် လမ်း၏ ယာဘက် လမ်းပုခုံးမြေသားလမ်းပေါ်တွင် ရပ်တန့်၍ အနီးရှိ ဈေးဆိုင်မှ သူတစ်ဦးအား စောင့်ဆိုင်းနေစဉ် ၎င်းဆိုင်ကယ်နှင့် လားရာတူ နောက်မှ ဦးညီဇော် မောင်နှင်ပြီး ယာဉ်ပေါ်တွင် အမျိုးသား(၂)နှစ်ဦး၊ အမျိုးသမီး(၆)ဦး လိုက်ပါလာသော အဖြူရောင်ယာဉ်သည် ဦးပွားထူး၏ ဆိုင်ကယ်အား နောက်မှ ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

 

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့်  ရှိုင်းဝဏ္ဏအောင်မှာ ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ဦးပွားထူးမှာ ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မောင်း ဦးညီဇော်အား မုန်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုသားကြီး(ကျောက်ကြီး)     

 

IMG_20