ကျောက်ကြီးမြို့နယ်၌ ပေါ့ဆမီးကြောင့် လူနေအိမ်(၈)လုံးနှင့် နွားတင်းကုပ်(၁)လုံး မီးလောင်ကျွမ်း

ကျောက်ကြီး  ၁   ဖေဖော်ဝါရီ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် သောင်လယ်ကျေးရွာအုပ်စု ရမ်ကစ်ကျေးရွာ၌ ဇန်နဝါရီ ၃၁ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် ဦးဂိုရာနက်၏ နေအိမ် မီးကြွင်းမီးကျန်မှ တစ်ဆင့်ပေါ့ဆမီး စတင်လောင်းကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါ့ဆမီး လောင်ကျွမ်းမှုသည် ညနေ ၅ နာရီအချိန်ခန့်တွင် မီးငြိမ်းခဲ့ပြီး၊ မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ်(၈)လုံးနှင့် နွားတင်းကုပ်(၁)လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ဦးဂိုရာနက်အား မုန်းနယ်မြေ ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ကိုသားကြီး( ကျောက်ကြီး)