ကျောက်မဲ-မိုးကုတ်သွားလမ်းတွင် ခရီးသည်တင်ယာဉ် ဘရိတ်ပေါက် တိမ်းမှောက်

မိုင်းလုံ  ၂၂  ဇွန်

ရှမ်းပြည်နယ်၊ မိုင်းလုံမြို့၊ ကန့်ကန်ကျေးရွာအုပ်စု၊ ကျောက်မဲ-မိုးကုတ်သွားကားလမ်း၊ မိုင်တိုင်အမှတ် ၄၅/၅ နှင့် ၄၅/၆ ကြားတွင် ယနေ့ နံနက် ၁၁ နာရီခွဲ က ကျောက်မဲမှ မိုးကုတ်ဘက်သို့ မောင်းနှင်လာသော Hino (အဖြူရောင်) ခရီးသည်တင်ယာဉ်သည် ဘရိတ်ပေါက်ကာ အရှိန်လွန်၍ လမ်း၏ဝဲဘက်သို့ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်းရရှိသဖြင့် မိုင်းလုံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီ ဆောင်ရွက်ခဲ့ရာ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း အပါအဝင် ခရီးသည်(၁၅)ဦးအနက် ခရီးသည် မ(၃)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သတင်းရရှိသည်။

Credit#Myanmar Fire Service Department