ကျောက်မဲ ဇွန် ၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့၌ သီးသန့်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရပ်ကွက် (၁) ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေက သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် ကျောက်မဲခရိုင် မီးသတ်တပ်ဖွဲ့မှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုဦးက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။ အဆိုပါ မီးသတ်သင်တန်းကို မေ ၂၅ ရက်မှ စတင်ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး သင်တန်းသား စုစုပေါင်း ၄၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


