ကျောက်မဲမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ကျောက်မဲ ဇွန် ၃

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန် ၃ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ရာ ကျောက်မဲမြို့ပေါ်နှင့် မြို့နယ်အအတွင်းရှိ အခြေခံပညာ အထက်တန်း‌ကျောင်း ငါးကျောင်း၊ အထက်တန်းကျောင်း(ခွဲ) နှစ်ကျောင်း၊ အလယ်တန်း‌ကျောင်း လေးကျောင်း၊ အလယ်တန်းကျောင်းခွဲ ကိုးကျောင်း၊ မူလွန်ကျောင်း ၁၆ကျောင်း၊ မူလတန်းကျောင်း ၅၄ ကျောင်း၊ အမက(ခွဲ) ခုနစ်ကျောင်းနှင့် အမက(တွဲ)ကျောင်း တစ်ကျောင်း စုစုပေါင်း ၉၈ ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပြီး မူလတန်း ကျောင်းသား၊ ကျောင်းသူ ၁၄၉၉၈ ဦး၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ ၃၂၉၅ ဦး၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၁၁၃၄ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၉၄၂၇ ဦး ကျောင်းအပ်ထားပြီးဖြစ်ကြောင်း သိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)