ကျောက်ဖြူခရိုင်ပြန်ဆက်ရုံးတွင် မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်းပြိုင်ပွဲကျင်းပ

ကျောက်ဖြူ    ၂၉   ဇူလိုင်  


ကလေးများ၏ အသိပညာတိုးတက်စေပြီး ဉာဏစွမ်းရည်မြှင့်မားလာစေရန်၊ မြန်မာစာစွမ်းရည် မြှင့်မားစေရေး၊ မြန်စာ စာလုံးပေါင်းသတ်ပုံများမှန်ကန်စေရေး၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရေး  ရည်ရွယ်၍ မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်းပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community  Centre ၌ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ နှင့် Book Club အဖွဲ့ဝင်  (၃၅) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။


ဆက်လက်၍ ဆုရရှိသူများအား ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ရာ  ကျောက်ဖြူခရိုင် ပြန်/ဆက် ဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က ပြိုင်ပွဲများကျင်းရခြင်းနှင့် ဇူလိုင်လအတွင် ပြိုင်ပွဲများ ကျင်းပခဲ့တာ ယခုဆိုရင် ခုနှစ်ကြိမ်မြောက်ဖြစ်ပါကြောင်း သားတို့သမီးတို့အနေဖြင့် ပြိုင်ပွဲများကို  ဆုရရှိခြင်း၊  မရရှိခြင်းကို အလေးမထားပဲ အသိပညာများတိုးလာစေရေးကို အဓိကထားပြီး ယှဉ်ပြိုင်ကြရန်လိုပါကြောင်းနှင့် ပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ပထမဆုကို ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က လည်းကောင်း၊ ဒုတိယဆုကို အမျိုးသမီးရေးရာ အဖွဲ့ဝင် ဒေါ်ဝင်းကြည်၊ တတိယဆုကို ခရိုင်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစောလင်းသူ၊ နှစ်သိမ့်ဆု(၁)ကို ကျောက်ဖြူခရိုင် ပြန်/ဆက်ဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်သန်းနိုင်၊ ပညာရေးဌာနမှ ဆရာမ ဒေါ်ဆွေဝင်း  တို့ကအသီးသီးဆုများချီးမြှင့် ပေးအပ်ခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။


MDN