ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ကျောက်ဖြူ ဇွန် ၂၄

 

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ ဇွန် ၂၄ ရက် နံနက်ပိုင်းက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။

 

ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်အဖွဲ့သည် ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေးအတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများက အစိုးရရပ်ကွက်ရှိ  မင်းပြင်ဝန်ထမ်းအိမ်ရာ အတွင်း/အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။ ထို့နောက် ခရိုင်ဆေးရုံဝန်ထမ်းနေအိမ်လိုင်းခန်း ခြံဝင်းအား သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့ အမှတ်(၆)မှ အရာရှိ၊ စစ်သည်များ၊ ကျောက်ဖြူတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက ခြုံနွယ်၊ ပေါင်းပင်၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် စုပေါင်း သန့်ရှင်းရေးပြုလုပ်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။

 

တင်ထွန်းဦး၊ဖြိုးဝေလင်း(ပြန်/ဆက်)