ကျောက်ဖြူမြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ရှား

နေပြည်တော် ၅ ဇူလိုင်


၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် (ဝ၈)နာရီ၊ (၄၂)မိနစ်၊ (ဝ၉)စက္ကန့် အချိန်တွင် စစ်တွေ မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၇၆)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျောက်ဖြူမြို့၏ အရှေ့တောင်ဘက် (၁၁)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၉.၃၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၆၇) ဒီဂရီ၊ အနက် (၃၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။


MDN