ကျောက်ဖြူ ဇွန် ၉
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ တောင်သူများအား မျိုးစပါးများ ပေးအပ်ပွဲကို ဇွန် ၆ ရက် နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ရဲမှူး သန်းဇော်က အမှာစကားပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက မိုးစပါး တစ်ဧကပန်းတိုင်အထွက် နှုန်းရရှိစေရေး ဆွေးနွေးပြောကြားပြီး တာဝန်ရှိသူများက မျိုးစပါးများ ပေးအပ်ကြသည်။
ကျောက်ဖြူမြို့ ပြင်ဖြူမော် ရပ်ကွက်၊ တောင်ရင်းရပ်ကွက်၊ ငလပွေ့ရပ်ကွက်၊ ဂုံးချွိန်ကျေးရွာနှင့် အုန်းတောကျေးရွာတို့မှ တောင်သူများအား GW-11၊ မှော်ဘီ-၃၊ အောင်နိုင်တိုး၊ ဆင်းသွယ်လတ် စသည့်မျိုးစပါး များ ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)


