ကျောက်ဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေး စတင်ဆောင်ရွက်

ကျောက်ဖြူ  မေ   ၂၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ် လုပ်ငန်းများ ဆောင်ရွက်မှုကို မေ ၂၆ ရက် နံနက်ပိုင်းက စတင်ကာ ကျောင်းအပ်လက်ခံမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ကျောက်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်း ၂၄၆ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ငါး ကျောင်းနှင့် အလယ်တန်းလေ့ကျင့်ရေးကျောင်း တစ်ကျောင်း စုစုပေါင်း ၂၅၂ ကျောင်းရှိကာ အခြခံပညာကျောင်းများကို ဇွန် ၂ ရက်တွင် ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)