ကျောက်ဖြူမြို့ရှိ မျက်စိ ဝေဒနာရှင် များအား အခမဲ့ ဆက်လက် ကုသပေးလျက်ရှိ

ကျောက်ဖြူ ၁၈ ဇန်နဝါရီ

 

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ခရိုင်ပြည်သူ့ ဆေးရုံကြီး၌ ကျောက်ဖြူမြို့နယ် အတွင်းရှိ မျက်စိရောဂါ ဝေဒနာရှင်များအား ဇန်နဝါရီ ၁၆ ရက်မှ ယနေ့အထိ အခမဲ့ စစ်ဆေး ခွဲစိတ် ကုသပေးခြင်းကို ရန်ကုန်မြို့မှ မျက်စိအထူးကု ဆရာဝန်ကြီး တွဲဖက် ပါမောက္ခ ဒေါက်တာနီလာသိန်း ဦးဆောင်သော ကျွမ်းကျင်ပညာရှင် ၂၇ ဦး၊ စစ်တွေဆေးရုံမှ ဆရာဝန်နှင့် သူနာပြု ၃ ဦး၊ အမ်းဆေးရုံမှ ဆရာဝန်နှင့် သူနာပြု ၂ ဦးနှင့် ကျောက်ဖြူဆေးရုံမှ ဝန်ထမ်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။

 

 

အဆိုပါ မျက်စိ ဝေဒနာရှင်များကို ဇန်နဝါရီ ၁၆ ရက်တွင် မျက်စိ ဝေဒနာရှင် ၆၅၀ ဦး၊ ဇန်နဝါရီ ၁၇ ရက်တွင် မျက်စိ ဝေဒနာရှင် ၅၂၅ ဦး၊ ဇန်နဝါရီ ၁၈ ရက်(ယနေ့)တွင် မျက်စိဝေဒနာရှင် ၂၀ဝ ကျော်ကို လိုအပ်သည်များ ကုသဆောင်ရွက်လျက်ရှိကြောင်း၊ မျက်စိခွဲစိတ်လူနာ စုစုပေါင်း ၂၁၃ ဦးကို ခွဲစိတ်ပေးလျက်ရှိပြီး မျက်စိ ဝေဒနာရှင် များအတွက် လိုအပ်သော ဆေးဝါးများနှင့် မျက်မှန်များ၊ လာရောက်ပြသသော လူနာများကို နံနက်၊ ညနေ ထမင်းဗူးများ ဝေငှပေးခြင်းကို အလှူရှင် MCM Co.,Ltd. မှ တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

 

 

ဖြိုးဝေလင်း(ပြန်/ဆက်)