ကျောက်ဖြူမြို့ရှိ မျက်စိရောဂါ ဝေဒနာရှင်များအား မျက်စိ “အခမဲ့” စစ်ဆေး ခွဲစိတ်ကုသပေး

ကျောက်ဖြူ ၁၆ ဇန်နဝါရီ  

 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အတွင်းရှိ မျက်စိရောဂါ ဝေဒနာရှင်များအား အခမဲ့ စစ်ဆေး ခွဲစိတ်ကုသပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင်  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရေးအခွန် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ ကျောက်ဖြူ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာနေလင်းနှင့် အလှူရှင် MCM Co., Ltd. မိသားစုကိုယ်စား ကုမ္ပဏီအမှုဆောင် ဗိုလ်ချုပ်အောင်မျိုးမင်း(ငြိမ်း)တို့မှ  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီး၊ ဆေးရုံအုပ်ကြီး၊ အလှူရှင်များနှင့် ဧည့်သည်တော်များက မျက်စိ ဝေဒနာရှင်များအား လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ပြီး မျက်စိ ဝေဒနာရှင်များအား အခမဲ့ စစ်ဆေး ခွဲစိတ်ကုသပေးခဲ့ကြသည်။

 

အဆိုပါ  မျက်စိရောဂါ ဝေဒနာရှင်များအား အခမဲ့ စစ်ဆေး ခွဲစိတ် ကုသပေးခြင်းကို ရန်ကုန်မြို့ MCM Co., Ltd. မှ ဦးဆောင်၍ မျက်စိအထူးကု ဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာနီလာသိန်း၊ မျက်စိအထူးကု ဆရာဝန်များ၊ မျက်မှန် ပညာရှင်များ၊ သူနာပြု ဆရာမများမှ ဇန်နဝါရီ ၁၆ ရက်မှ ၁၈ ရက်အထိ ကျောက်ဖြူမြို့ပေါ်ရှိ မျက်စိ ဝေဒနာရှင်များအား အခမဲ့ စစ်ဆေး ခွဲစိတ်ကုသ ပေးသွားမည်ဖြစ်ရာ ယနေ့တွင် မျက်စိဝေဒနာရှင် (၆၅၀)ဦးအား အခမဲ့ စစ်ဆေး ခွဲစိတ်ပေးသွားမည်ဖြစ်ပြီး ကျောက်ဖြူမြို့ပေါ်မှ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့များနှင့် လူမှုရေး အသင်းအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း ခရိုင်(ပြန်/ဆက်)မှ သိရသည်။

 
MDN