ကျောက်ဖြူပညာရေးဒီဂရီကောလိပ် စတင်ဖွင့်လှစ်

ကျောက်ဖြူ     မေ     ၁၂

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ ပထမနှစ် (ပထမနှစ်ဝက်) တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့် ပထမနှစ်(ဒုတိယ နှစ်ဝက်) တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများကို မေ ၁၂ ရက် နံနက်ပိုင်းမှစတင်ကာ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ဖွင့်လှစ်ပို့ချလျက်ရှိရာတွင် ၂၀၂၀ ခုနှစ်အတွင်း တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် သင်တန်းတက်ရောက်ရန် ကျန်ရှိသူများအား ပို့ချပြသခြင်းဖြစ်ပြီး သင်ကြားသော ဘာသာရပ်များအနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံဘာသာရပ်များ၊ ဝိဇ္ဖာဘာသာရပ်များ၊ ICT ဘာသာ၊ ဘဝအတွက်တာ ကျွမ်းကျင်စရာ၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဒေသဆိုင်ရာ ဘာသာရပ်များ၊ ဖွံ့ဖြိုးရေးဘာသာရပ်များ စသည့် ဘာသာရပ် ၁၄ ခုတို့အား ဆရာ၊ ဆရာမ ၄၆ ဦးတို့က ပထမနှစ် (ပထမနှစ်ဝက်) တက်ရောက်သည့် သင်တန်းသား၊ သင်တန်းသူ ၉၅ ဦးနှင့် ပထမနှစ် (ဒုတိယနှစ်ဝက်) တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူ ၁၆၂ ဦးတို့အား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)