ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး

ကျောက်ပန်းတောင်း၊ ဩဂုတ်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများကို ဩဂုတ် ရက် နံနက် နာရီမှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းအား ဆေးထိုးစုရပ် () ခုတွင် ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းကန့်သတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကျောက်ပန်းတောင်းမြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမ္မာန်တော်ကြီးတွင် စုရပ် () အဖြစ်လည်းကောင်း၊ အမှတ် () ..က တွင် စုရပ် () အဖြစ်လည်းကောင်း ဆေးထိုးစုရပ်များခွဲကာ၊ ဆေးထိုးစုရပ်တစ်ခုလျှင် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်၍ ဆေးထိုးလာရောက်သူများအား မှတ်တမ်းယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ အောက်စီဂျင် တိုင်းတာခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ယနေ့ ဒုတိယအကြိမ် ဆေးထိုးနှံခြင်း လုပ်ငန်းတွင် အသက် (၆၅) နှစ်အထက် သက်ကြီးဘိုးဘွား (၄၅၂) ဦးတို့အား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)