ကျောက်ပန်းတောင်းမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကျောက်ပန်းတောင်း၊ ဇန်နဝါရီ ၃၁
    
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့်၊ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော စုပေါင်းသန့်ရှင်းရေးကို ဇန်နဝါရီ ၃၁ ရက် နံနက် ၉ နာရီက ပြည်သူများသွာလာမှုများ ပြားသည့် ဘုရားပုထိုးစေတီများတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
    
အဆိုပါ စုပေါင်းသန့်ရှင်းရေးကို မြို့အထင်ကရစေတီဘုရားများဖြစ်သည့် မြို့ဦးအောင်စေတီဘုရား၊ မဟာစေတီကြီး ဆုတောင်းပြည့်ဘုရား၊ မြတ်ရွှေဂူ ရှေ့ဟောင်းသမိုင်းဝင်ဘုရားနှင့်မြို့ဦးထိန်ကန် ပတ်ဝန်းကျင်တို့တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ 

စုပေါင်းသန့်ရှင်းရေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း အင်အား(၇၈)ဦးဖြင့် အဖွဲ့များ ခွဲကာ တစ်ပြိုင်နက်ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး၊ အမှိုက်လှည်းကျင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်း လင်းခြင်းနှင့် ခုတ် ထွင်ရှင်းလင်းပြီးသည့် အမှိုက်နှင့် ခြုံနွယ်ပိတ်ပေါင်းများအား မီးရှို့ခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

နေအောင်(ပြန်/ဆက်)