ကော့ကရိတ်မြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် မွန်လှိုင်ကျေးရွာရှိ မူ/လွန်ကျောင်း အမိုးများပျက်စီး

ကော့ကရိတ်   ဇန်နဝါရီ   ၂၆

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ဇန်နဝါရီ ၂၅ ရက် ညနေပိုင်းက လေပြင်း တိုက်ခတ်မှုကြောင့် ခရစ်ကျောက်တန်းအုပ်စု၊ မွန်လှိုင်ကျေးရွာရှိ အခြေခံပညာ မူလတန်း (လွန်) ကျောင်းဆောင် အလျားပေ ၁၃၀၊ အနံ ပေ ၃၀ ရှိ အဆောက်အအုံ၏ အမိုးများ ပျက်စီးခဲ့ကြောင်း သိရသည်။

 

လေပြင်းတိုက်ခတ်မှုကြောင့် အဆိုပါ ကျောင်းအဆောက်အအုံ၏ အမိုးများ ၄ ပုံ ၁ ပုံခန့် (၈ ပေအရွယ် အမိုးသွပ် အချပ် ၈၀) ပျက်စီးဆုံးရှုံးခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် သိန်းခန့်ရှိကြောင်း သိရသည်။ အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

စောအောင်မျိုးလွင်(ပြန်/ဆက်)