ကော့ကရိတ်မြို့၌ မိုးကြိုးထိမှန်၍ အမျိုးသား(၃)ဦး သေဆုံး

နေပြည်တော် ၂၇ မတ်

 

မတ် ၂၆ ရက် ည ၆ နာရီ ၁၅ မိနစ်ခန့်က ကော့ကရိတ်မြို့၊ (၆)ရပ်ကွက် မွေးမြူရေးတံတားအနီးရှိ ဖရဲသီးစိုက်ခင်း၌ မိုးကြိုးထိမှန်၍ လူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ ကော့ကရိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 

စစ်ဆေးချက်အရ အဆိုပါဖရဲစိုက်ခင်းအတွင်း၌ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာနေ ဦးအောင်ဝင်း (၄၇)နှစ်ပါ (၆)ဦးသည် ဖရဲသီးများခူး၍ ကားပေါ်သို့တင်နေစဉ် မိုးရွာသွန်းပြီး မိုးကြိုးပစ်ခဲ့ရာမှ ဦးအောင်ဝင်းပါ (၃)ဦးအား မိုးကြိုးထိမှန်ကာ သေဆုံးသွားကြောင်း သိရှိရသောကြောင့် ကော့ကရိတ်မြို့မရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ် (၄/၅/၆/၂၀၁၉)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN