ကျောက်တော်မြို့၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိ

ကျောက်တော် ဇူလိုင် ၂၄

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူနေကြသည့် လူနာများအတွက် လိုအပ်သော အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေး၊ အောက်ဆီဂျင် လုံလောက်စွာ ရရှိနိုင်ရေးအတွက် ယနေ့ နံနက် နာရီက အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များ၊ စေတနာရှင်ပြည်သူများမှ အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ကျောက်တော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် အောက်ဆီဂျင် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အောက်ဆီဂျင် ထုတ်လုပ်စက်ရုံ တည်ဆောက်ရေးအတွက် စေတနာရှင်အလှူရှင်များမှ ငွေကျပ်သိန်း (၂၀၀) ဖြင့် မတည်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင် အလှူရှင်ပြည်သူများက အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းလျက်ရှိသည်။

 

ဆက်လက်၍ မြို့နယ်ပြည်သူ့ဆေးရုံအတွင်းရှိ အရေးပေါ် လူနာများအတွက် လိုအပ်သော အောက်ဆီဂျင်ကို အချိန်မီ ဖြည့်ဆည်းပေးနိုင်ရေး၊ အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေးအတွက် ယခုလို အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်ပြီး စေတနာရှင်ပြည်သူများမှ ဇူလိုင် ၂၃ ရက်နေ့ အလှူငွေကောက်ခံရမှုမှာ ငွေကျပ် ၃၀၀၇၂၀၀၀ (ကျပ် သိန်းသုံးရာ ခုနစ်သောင်းနှစ်ထောင်) ဖြစ်ပြီး မြို့နယ်အတွင်းရှိ စေတနာရှင်အလှူရှင်များမှ ထည့်ဝင်ငွေ စုစုပေါင်း ကျပ် ၁၁၆၂၃၂၀၀၀ (ကျပ် တစ်ထောင့်တစ်ရာ ခြောက်ဆယ့်နှစ်သိန်း သုံးသောင်းနှစ်ထောင်) ထည့်ဝင်ရရှိပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ စက်ရုံတည်ဆောက်ပြီးပါက တစ်နေ့လျှင် လီတာ ၄၀ ဆံ့ အောက်ဆင်ဂျင်ဘူး အလုံး ၈၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း စက်ရုံတည်ဆောက်ရေး ကော်မတီဉက္ကဋ္ဌ ဦးလူလူချေထံမှ သိရှိရသည်။

 

ခင်မောင်ထွန်း(ပြန်/ဆက်)