ကျောက်တော်မြို့နယ်၌  မုန်တိုင်းဘေး ကျရောက်နိုင်သည့် ကျေးရွာများမှ ပြည်သူများအား မုန်တိုင်းခိုလုံရာနေရာများသို့ ပြောင်းရွှေ့

ကျောက်တော်  မေ ၁၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်ဦ ကျောက်တော်မြို့နယ်တွင် မုန်းတိုင်းဘေး ကျရောက်နိုင်သည့် ကျေးရွာများမှ ဒေသခံပြည်သူများအား မုန်တိုင်းခိုလုံရာနေရာသို့ နေ ၁၂ ရက် ညနေပိုင်းက စတင် ရွှေ့ပြောင်းပေးခဲ့သည်။

ရွှေ့ပြောင်းဆောင်ရွက်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့် ကြီးကြပ်မှုဖြင့် မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေး အဖွဲ့အစည်းများက မုန်တိုင်းဘေးအန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများမှ သက်ကြီးရွယ်အိုများ၊ ကလေးများ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများအား မုန်တိုင်းဘေးလွတ်ရာ နီးစပ်သည့်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ အသက်ကယ်ကုန်း၊ မြို့ပေါ်ရှိ သတ်မှတ်နေရာ စုရပ်များသို့ ကြိုတင်ရွေ့ပြောင်းရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်လျက်ရှိပြီး ကျောက်တော်မြို့နယ် ဂေါရောမဏီ၊ လက်ခုပ်ပင်ရင်း၊ ဇင်းခါချေ၊ အထက်ယွန်းချောင်း၊ အောက်ယွန်းချောင်း၊ လမုသား၊ ဗိုလ်မင်း၊ အောင်ဇေယျ၊ ပြောင်းဆိပ်နှင့်အုတ်တော်ပြင် စသည့် ကျေးရွာ ၁၀ ရွာမှ  အိမ်ထောင်စု ၁၉၇၇ စုမှ လူဦးရေ ၃၃၅၈ ဦးအား မုန်တိုင်းအန္တရာယ် ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)