ကျောက်တော်မြို့နယ်၌ တူမီးသေနတ် ၆ လက် သိမ်းဆည်းရမိ

နေပြည်တော် ၂၀ ဇူလိုင်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဒေါင်းတော်ယိုးကျေးရွာ၌ ဇူလိုင်လ ၁၉ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ကျောက်တော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံ တပ်မတော်သားများပါဝင်သည့် ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် အဆိုပါကျေးရွာနေ ဦးမောင်စံအေး(၅၆)နှစ်၏ နေအိမ်စပါးကျီ အတွင်းမှ တူမီးသေနတ်(၆)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

၎င်းသည် တူမီးသေနတ်များအား တောကောင် ပစ်ရာတွင် အသုံးပြုရာတွင် ကိုင်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် ဦးမောင်စံအေးအား ကျောက်တော်မြို့မရဲစခန်းမှ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

MDN